မြန်မာဘာသာ
Newtown Budgeting and Advocacy Service
ဆိုသည်မှာ ဘာလဲ?
NBAS ၏ လေ့ကျင့်သင်ကြားထားသောငွေကြေးဆိုင်ရာ အကြံပေးများမှ တစ်ဦးစီ၏ သီးခြားလိုအပ်ချက်များကို လမ်းညွှန်ပြသမှုများပေးခြင်းကို ပြုလုပ်ပေးပါသည်။
· ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသည် အခမဲ့ဖြစ်သည်။
· ကျွန်ုပ်တို့ကို ပြောပြသည့် အကြောင်းအရာများကို ပြင်ပသို့ ပေါက်ကြားစေခြင်းမရှိပဲ လျို့ဝှက်ထားမည်ဖြစ်သည်။ ထိုအကြောင်းအရာများကို သင့်ခွင့်ပြုချက် မရှိလျှင်မည်သူ့ကိုမျှ ပြန်လည်ပြောဆိုမည် မဟုတ်ပါ။
· ကျွန်ုပ်တို့၏ ရင်းနှီးဖော်ရွှေပြီး သင့်ကိုကူညီပေးနိုင်သည့် ငွေကြေးဆိုင်ရာ အကြံပေးလမ်းညွှန်သူများမှ သင့်အကြောင်းအရာများကို မှားသည် မှန်သည်ဟု ထင်မြင် ဆုံးဖြတ်ခြင်းများ မပြုလုပ်ပါ။
· သင့်၏ ထူးခြားသော ဘဝဇာတ်လမ်းရှိတဲ့လူတစ်ယောက်အဖြစ် သင့်ဘဝဖြစ်စဥ်ကို ကျွန်ုပ်တို့ အနေဖြင့်လေးစားပါသည်။ သင် သည် ကျွန်ုပ်တို့အတွက်လည်း အရေးကြီးပါသည်။
· အကြွေး (သို့) ချေးငွေ ပြဿနာများ၊ ငွေချေးငှားသော ကုမ္ပဏီများနှင့် ပြဿနာများ၊ KiwiSaverထုတ်ယူမှုများ၊ (သို့) သင့်ငွေကြေးဆိုင်စီမံခန့်ခွဲမှုနှင့် သင့်ငွေကြေးဆိုင်ရာ လိုအပ်ချက်ပြဿနာများကို ဖြည့်စည်းရန်အကူအညီလိုအပ်ခြင်းကဲ့သို့သော ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှု များကို ကျွန်ုပ်တို့က ပံ့ပိုးကူညီပေးပါသည်။
· အတိုးနှုန်းမြင့်သော ချေးငွေများကိုပြန်ဆပ်ရန်နှင့် ကားဝယ်ယူရန် ချေးငွေရဖို့အခက်အခဲ ရှိသော သူများအတွက် (သို့) တခြားလိုအပ်ချက်များအတွက် တခြားမှ ချေးငွေယူရန် အခက်အခဲ ရှိသာ သူများကို ကူညီပေးပါသည်။
Newtown Budgeting and Advocacy Service
94 Riddiford Street
Level 1 - Riddiford House
Newtown, Wellington
[Phone] 04 389 8121[Email][email protected]
https://www.facebook.com/newtownbudgeting
ဖုန်းခေါ်(သို့) အီးမေလ်းဖြင့် ကြိုတင်စရင်းပေးခြင်း သို့ ကျွန်ုပ်တို့ မည်သိုကူညီနိုင်ပါသလဲဆိုသည်ကို မေးမြန်းစုံစမ်းနိုင်ပါသည်။
စကားပြန်လိုအပ်ပါကကြိုတင်အသိပေးခြင်းဖြင့် စကားပြန်ကိုစီစဥ်ပေးနိုင်ပါသည်။